နိုင်ငံပိုင်လုပ်ငန်းအများစု အရှုံးပေါ်နေခြင်းမှာ ပိုင်ဆိုင်မှုပုံစံ မှားယွင်းနေမှုကြောင့်ဟု ဒေါ်သက်သက်ခိုင်ပြော
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင် (ဓာတ်ပုံ−စိုင်းဇော်)
နိုင်ငံပိုင်လုပ်ငန်း အများစု အရှုံးပေါ်နေခြင်းမှာ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲနေခြင်းနှင့် ပိုင်ဆိုင်မှု ပုံစံမှားယွင်းနေခြင်းကြောင့် ဖြစ် ကြောင်း ယမန်နေ့ပြည်သူ့လွှတ် တော်တွင် ကိုယ်စားလှယ်ဒေါ် သက်သက်ခိုင်ကထောက်ပြပြော ဆိုသည်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များသည် ထုတ်လုပ်မှုနှင့် ပြိုင် ဆိုင်မှုစွမ်းအား ကျဆင်းနေပြီး လုပ်ငန်းဆောင်ရွက်မှုစရိတ်များ တိုးမြင့်လာခြင်းကြောင့် အ မြတ်အစွန်းရရှိနိုင်စွမ်း ကျဆင်း နေကြောင်း ၎င်းကဆိုသည်။
ထို့ကြောင့် နိုင်ငံပိုင် စီးပွား ရေးကဏ္ဍတစ်ခုလုံးပိုင်ဆိုင်မှုပုံစံ၊ စီမံခန့်ခွဲခြင်းတို့ကို ကြပ်မတ်စစ် ဆေးပြီး ပြုပြင်ပြောင်းလဲရန်စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကပြည်ထောင်စုအစိုးရကိုယ်စား ပိုင်ရှင်အနေဖြင့် ဆောင်ရွက်ပေး ရန် လိုအပ်ကြောင်း ဒေါ်သက် သက်ခိုင်ကပြောသည်။
ထိုသို့ ကြပ်မတ်ထိန်း ကျောင်းခြင်းသည် ၀န်ကြီးဌာန အလိုက်ပြန့်ကြဲနေပြီး စာရင်းစစ် ဆေးခြင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနအစီရင်ခံစာ အ ရည်အသွေးသည်လည်းနိုင်ငံတ ကာစံချိန်စံညွှန်းထက် နိမ့်ကျနေ ကာ လုပ်ငန်းတစ်ခုချင်းစီ၏ ဘဏ္ဍာရေးအရ စွန့်စားရမှုများကို ထပ်ဟပ်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။
ဒဂုံအမတ်ဒေါ်သက်သက် ခိုင်က မတူကွဲပြားသော လုပ်ငန်း သဘာဝရှိသည့် နိုင်ငံပိုင်စီး ပွားရေးလုပ်ငန်းကြီးများကို သ ဘာဝအားဖြင့်တူညီသောလုပ် ငန်းအလိုက်တူရာစုဖွဲ့ပြီးအုပ်စု တစ်စုစီနှင့် ဆီလျော်သော ပြုပြင် ပြောင်းလဲရေးစီမံချက်နှင့်မဟာ ဗျူဟာတစ်ရပ်ချမှတ်ရန်အစိုးရ အားတိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာအထက်ပါအတိုင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများကိုသက်ဆိုင်ရာ ၀န်ကြီးဌာနများက ပိုင်ဆိုင်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက်ချ မှတ်ထားသည့် ဥပဒေများဖြင့် ထိန်းကျောင်းနေရကြောင်း ၎င်း ကဆက်လက်ပြောကြားသည်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များ၏ ၀င်ငွေ၊ ထွက်ငွေများသည် အစိုးရတစ်ရပ်လုံး အသုံးစရိတ် အားလုံး၏ သုံးပုံတစ်ပုံထက် ကျော်လွန်နေပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၏ အရေးကြီးအ စိတ်အပိုင်းတစ်ခုဖြစ်ကြောင်းဒေါ် သက်သက်ခိုင်ကဆိုသည်။
ထို့အပြင်၂၀၁၃-၁၄ဘဏ္ဍာ ရေးနှစ်တွင် စတင်ခဲ့သည့်နိုင်ငံပိုင် စီးပွားရေးပြုပြင်ပြောင်းလဲရေး၏ အကျိုးသက်ရောက်မှုကို ပြန် လည်သုံးသပ်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များတွင် သဘာဝသယံဇာတတူး ဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် လျှပ် စစ်မီးလင်းရေး၊ လိုအပ်သည့်အ ခြေခံအဆောက်အအုံလုပ်ငန်း၊ အကြီးစားစက်မှုလုပ်ငန်းနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းများ ပါဝင်သည်။ ယင်းအဆိုကို လွှတ်တော်ကဆွေးနွေးရန် အတည်ပြုသဖြင့် ကိုယ်စားလှယ်များအနေ ဖြင့် စက်တင်ဘာ ၃ ရက်ထက် နောက်မကျဘဲ အမည်စာရင်း ပေးရန်ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကကြေညာခဲ့သည်။
Credit